Friday, April 22, 2011

ထူးထူးစမ်းစမ်း ဘုရားတကာ တစ်ဦးသေပြီးနောက် ဇီးကွက်ဘ၀ဖြင့် အိမ်တို့ လာလည်

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုင်ဘင် ခရိုင် အင်းသုံးဆယ် ကျေးရွာတွင် ကျောင်းတကာတဦး သေဆုံးပြီးနောက် ဇီးကွက် (ဒေသအခေါ် ခေါင်တောက်) ဖြစ်သွားပြီး သူအား ရက်လည်ဆွမ်း ကုသိုလ် ကောင်းမူ ပြုလုပ်ရာသို့ လာရောက်လည် ပတ်သွားခဲ့သည်ဟု အဆိုပါ ကျေးရွာမှ ကျောင်းထိုင်ဆရာတော်က ပြောသည်။
“တော်တော်ကို ထူးဆန်းတဲ့ ဖြစ်ရပ်ပါ။ ရိုက်ယူထားလိုက်တဲ့ ဓါတ်ပုံတွေက ထူးဆန်းတဲ့ ဖြစ်ရပ်အတွက် သက်သေ အထောက်အထားတွေဘဲ ဖြစ်ပါတယ်။ သူတို့မိသားစုက ရက်လည် ဆွမ်းကျွေးတော့ ကျောင်းတကာကြီးက ဇီးကွက်ဘ၀နဲ့ ဘုန်းတော်ကြီးကျောင်းကို လာတယ်။ သူလှူဒါန်းထားခဲ့တဲ့ ကျောင်းက တိုင်မှ စနားတယ်။ ပီးရင် သူလှူဒါန်းထားခဲ့တဲ့ နာရီမှာနားတယ်။ နောက်ပီး သူလှူဒါန်းထားခဲ့တဲ့ လေပင်ကာပေါ်မှာ နားတယ်။ အဲဒီက ပျံသွားတယ်။ နောက်ဆုံး သူလှူဒါန်းထားခဲ့တဲ့ အုတ်နံရံပေါ်မှာ လာနားတယ်။ အဲသလို နားနေတဲ့ အချိန်က ကောင်းမူ စလုပ်တဲ့ ညနေ ၆ က စနားနေတာ ၂၄ နာရီပြည့်ပြီး နောက်တနေ့ညနေ ၆ နာရီမှ ပျံသွားတယ်၊ ပျံသွားတော့လည်း သူနေအိမ်ကို တန်းပြန်သွားတယ်။ သူ့အိမ်မှာ ၄ နာရီလောက်နေတယ်။ နောက်တော့ ဘယ်ပျံသွားမှန်း မသိဘူး။ ပျောက်သွားခဲ့ပါတယ်။”

ယခုကဲ့သို့ ကျောင်းတကာကြီး ဇီးကွက်ဘ၀ဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ရက်လည်ဆွမ်း ကောင်းမူ ပြူလုပ်နေစဉ် လာရောက်လည်ပတ်ခြင်းကို လူပေါင်း ၆၀၀ နီးပါးခန့်က လာရောက်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ကြည့်ရှု့သူများထဲတွင် ငယှက်ကြီး၊ ကုရခါလီ၊ ဆောင်တူဝ ရွာကြီး၊ ရွာချေနှင့် အင်းသုံးဆယ်မှ ကျေးရွာသားများလည်း ပါဝင်သည်။
ယခုကဲသို့ ကျောင်းတကာကြီးမှ ဇီးကွက်ဘ၀ဖြင့် ကုသိုလ်ကောင်းမူ ပြုလုပ်ရာသို့ လာရောက်ကြည့်ရှု့ရခြင်း နောက်ကွယ်တွင် အကြောင်းခြင်းရာများ ရှိကြောင်းကို ဆရာတော်က ယခုကဲ့သို့ မိန့်ကြားသည်။

“ အဲဒီ ကျောင်းတကာကြီးနာမည်က ဦးမဲအောင်၊ အသက်က ၇၆ နှစ်ဖြစ်ပါတယ်။ သူမသေမှီ အသက်ထွက်လုလု အချိန်မှာ သူ့ရဲ့ သားသမီးတွေ အပါအ၀င် ဦးဇင်းကို ခေါ်ပြီးတော့ သူသေဆုံး သွားတဲ့အခါ ရက်လည်ဆွမ်းသွပ်ရင် သူတပါး အသက်တွေ ဖြစ်တဲ့ ၀က်သား၊ နွားသား၊ ကြက်သား စတာတွေနဲ့ ကောင်းမူ ကုသိုလ် မလုပ်ဘဲ သတ်သတ်လွတ် လုပ်ဖို့မှာခဲ့ပါတယ်။ သူမှာခဲ့တဲ့ အတိုင်း ကုသိုလ် ကောင်းမူ လုပ်မလုပ်ကို ရက်လည်ဆွမ်းသွပ်တဲ့ အခါ သူလာကြည့်မယ်ဆိုပီး မှာခဲ့ပါတယ်။ အဲဒီနောက် သူသေသွားတော့ ခုလို ဇီးကွက်ဘ၀နဲ့ ကောင်းမူ လုပ်တဲ့ နေ့က သူမှာတဲ့ အပေါ်မှာ သားသမီးတွေ လိုက်လုပ် မလုပ်ကို လာကြည့်တာ ဖြစ်ပါတယ်။ ဦးဇင်းကတော့ ခုလိုဘဲ ယုံကြည်ပါတယ်။ ထူးဆန်းတာက အဲဒီဇီးကွက်က လူလိုက်ထုတ်ရင်လည်း မသွားဘူး။ အနီးကပ်သွားပြီး ဓါတ်ပုံ သွားရိုက်ရင်လည်း ပျံမသွားဘူး။ ခုလို အဟိတ် တိရစ္ဆာန် တကောင်က လူတွေကို မကြောက်ဘဲ နေရဲတယ်ဆိုကတည်းက အဲဒီ အဖြစ်အပျက်က တော်တော့ကို ထူးဆန်းနေပြီ ဖြစ်ပါတယ်။”

သို့သော်လည်း အဆိုပါကောင်းမူ လုပ်သည့်နေ့က ဦးမဲအောင် ၏ သားသမီးများနှင့် ဆွေမျိုးများက သူမှာခဲ့သည့် စကားကို လိုက်နာခြင်း မရှိဘဲ ၀က်သားဟင်းဖြင့် ကုသိုလ် ကောင်းမူ ပြုလုပ်ခဲ့သည်ဟု သိရသည်။


http://www.narinjara.com/detailsbur.asp?id=2215 မှကူးယူဖော်ပြသည်

0 comments:

Post a Comment