Friday, April 22, 2011

ရှစ်မွှာပူး မိခင်


Nadya Denise Doud-Suleman Gutierrez လို့ခေါ်တဲ့အမျိုးသမီးကို မီဒီယာလောကထဲမှာတော့ Octomom လို့လဲ တမျိုးတဖုန် သိကြပါသေးတယ်။ ထို အမေရိကန် အမျိုးသမီးဟာ ၂ဝဝ၉ ခုနှစ်ဇန်နဝါရီလ ၂၆ရက် က ယောက်ျားလေး ခြောက်ယောက်နှင့် မိန်းခလေးနှစ်ယောက် ရှစ်မွှာပူးကိုမွေးဖွားခဲ့သူဘဲဖြစ်ပါတယ်။ သူမဟာ လောလောဆယ်တော့ ကယ်လ်ဖိုးနီးယား မှာနေထိုင်ပါတယ်။ အမေရိကန်မှာ ရှစ်မွှာပူးမွေးဖွားပြီး ခလေးအားလုံးအသက်ရှင်ခဲ့တဲ့ ဒုတိယမြောက် မိခင်လည်းဖြစ်ပါတယ်။


နာမည်နဲ့ ခလေးတွေရဲ့ မွေးဖွားစ ကိုယ်အလေးချိန်တွေကတော့

* Noah Angel Solomon - ကျား ၂ ပေါင်နဲ့ရှစ်အောင်စ
* Isaiah Angel Solomon - ကျား ၃ ပေါင်နဲ့ ၁ အောင်စ
* Makai Angel Solomon - ကျား ၁ ပေါင်နဲ့ ၁၂ အောင်စ
* Maliyah Angel Solomon - မ ၂ ပေါင်နဲ့ ၂ အောင်စ
* Nariyah Angel Solomon - မ ၂ ပေါင်နဲ့ ၃ အောင်စ
* Josiah Angel Solomon - ကျား ၂ ပေါင်နဲ့ ၉ အောင်စ
* Jeremiah Angel Solomon - ကျား ၁ ပေါင်နဲ့ ၁၃ အောင်စ
* Jonah Angel Solomon - ကျား ၂ ပေါင်နဲ့ ၇ အောင်စတို့ဘဲဖြစ်ပါတယ်။


http://www.narinjara.com/detailsbur.asp?id=2215 မှကူးယူဖော်ပြသည်

0 comments:

Post a Comment